Saturday, June 3, 2017

2016 - 2017 La Liga Table

33rd Title for the Real Madrid
No. Team MPWDLGFGAPts
1Real Madrid3829631064193
2Barcelona3828641163790
3Atl. Madrid382396702778
4Sevilla382198694972
5Villarreal3819109563367
6Real Sociedad3819712595364
7Ath Bilbao3819613534363
8Espanyol38151112495056
9Alaves38141311414355
10Eibar3815914565154
11Malaga38121016495546
12Valencia3813718566546
13Celta Vigo3813619536945
14Las Palmas3810919537439
15Betis3810919416439
16Dep. La Coruna3881218436136
17Leganes3881119365535
18Gijon3871021427231
19Osasuna3841024409422
20Granada CF384826308220
Source by : http://www.flashscore.com/soccer/spain/laliga/

Monday, October 10, 2016

မင်္ဂလာပါ...
အပျိုစင်


Until You : Viet + Eng Sub
KYAW THIHA _ MIN THI LAR MEL



world's longest sea bridge opened in China



Hsa Thoo Lei Sport Day



ရေအောက်ကားပျံ



Take Me To Your Heart with Korean Romance


2011 ခုနှစ် ဒုံးအဖွဲ့



Wizard Love - Harry Potter Music Video - Meekakitty Featuring heyhihello





စာနာမှုနဲ့ဖေးကူပါ




ကောင်းသောမနက်ဖြန်




ကြည့်လို့မကောင်းတဲ့ပွဲ - မျိုးကြီး




လေးဖြူ - နာဂစ်သီချင်း




စာနာမှုနဲ့ဖေးကူပါ




ရူးချင်ယောင်ဆောင်မနေနဲ့ - လေးဖြူ




Who is Aung San? What is his Speech? part 2




Song - 62nd Anniversay of Burma's Martyrs Day




Monk in Burma ရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်




Burma - Part 3 - agressions of the military Junta




Burma - Part 2 - agressions of the military Junta




Burma - Part 1 - agressions of the military Junta




Burma - Childrens Musik




ငပေဒိုးလုံး




စစ်အာဏာရှင် နေဝင်းပြောစကား





နားနားပြီးပြော




အိမ်ပြန်ချိန်


Miss Tourism Beauty Pageant 2011, Yangon, Myanmar




Tila Tequila - Hot for Teacher - Myanmar Burma It Can't Wait




အချစ်ဆုံးသူငယ်ချင်း




ချစ်ဦးမှာလား




လွမ်းချစ်ကြီး




Sunday, May 1, 2011

Health / အရွယ်မတိုင် ဦးဏှောက်ပျက်စီးတက်

အရွယ်မတိုင် ဦးဏှောက် ပျက်စီးတက်သော အကြောင်းအရင်းများမှာ -----

၁။ မနက်စာ မှန်မှန်မစားခြင်း

၂။ အလွန်အကျွံအိပ်ခြင်း

၃။ ဆေးလိပ်သောက်ခြင်း

၎။
ချိုသော အစားအစာများကို အလွန်အကျွံစားခြင်း

၅။ လေထုညစ်ညမ်းသော နေရာတွင် နေထိုင်ခြင်း

၆။ အိပ်ရေးမ၀ခြင်း

၇။ ခေါင်းပေါ်တစ်ခုခုတင်၍ အိပ်လေ့ရှိခြင်း

၈။ ဖျားနာစဉ် ဦးဏှောက်သုံးရသော အလုပ်များလုပ်ခြင်း

၉။ ဦးဏှောက်ကို လုံးဝ အသုံးမချခြင်း(ပေါ့ပေါ့ တန်တန်နေမှု )

၁၀။ စကားအလွန်နည်း၍ မြိုသိပ်နေတက်ခြင်း တို့ဖြစ်ပါသည်။

My Profile

ခရစ်ယာန် / ခရစ်ယာန်ဘာသာရေးရာ

Buddhism / ဗုဒ္ဓဘာသာရေးရာ

ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ မြတ်ဗုဒ္ဓ၏အဆုံးအမများပေါ်တွင်တည်သူ တနည်းအားဖြင့် မြတ်ဗုဒ္ဓ ဟောကြားခဲ့သော တရားများ အဆုံးအမများကို လိုက်နာကျင့်သုံးသူ ကိုခေါ်ဝေါ်သည်။

ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် လူသန်းပေါင်း ၃၀၀ မှ ၅၀၀ခန့် ယုံကြည်သက်ဝင်ကိုးကွယ်ကြသည့် ဘာသာတရားဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် ဘီစီ ၅၂၅ ခုနှစ်ခန့်တွင် သိဒ္ဓတ္ထဂေါတမ အမည်ရှိသော ဗုဒ္ဓဘုရားရှင်က အိန္ဒိယ နိုင်ငံတွင် စတင်ထူထောင်ခဲ့သော ဘာသာရေး (သို့ ) ကိုးကွယ်ယုံကြည်မှု ဖြစ်သည်။ ဂေါတမ ဗုဒ္ဓမြတ်စွာဟောကြားခဲ့သည့် တရားတော်အပေါ် အခြေခံ၍ ပေါ်ထွန်းလာသော ဗုဒ္ဓဘာသာသည် ကမ္ဘာ့ ဘာသာကြီးများ စာရင်းဝင် ဖြစ်သည်။ အဓိကအားဖြင့် ဟိနယနခေါ် ထေရဝါဒ ဗုဒ္ဓဘာသာ (သီရိလင်္ကာနှင့် အရှေ့တောင်အာရှ နိုင်ငံများ) နှင့် မဟာယန ဗုဒ္ဓဘာသာ (တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယားနှင့် ဂျပန်) ဟု ဂိုဏ်းနှစ်မျိုးရှိပါသည်။ တတိယတစ်မျိုးမှာ တိဗက်နှင့် ဂျပန် တို့ တွင် ဝါချရယန အမည်နှင့်လည်း နှစ်ပေါင်းကြာရှည်စွာ ယုံကြည် ကိုးကွယ်ခဲ့ကြသူများလည်း ရှိပါသည်။ ဗုဒ္ဓဘာသာ၏ မူလအစပြုရာ အိန္ဒိယနိုင်ငံတွင် တရုတ်ပြည် တိဗက်ဒေသမှ စိမ့်ဝင်လာသော ဒုက္ခသည်များနှင့် ဘာသာပြောင်းလာသော ဟိန္ဒူဇာတ်နိမ့်များ မှလွဲလျှင် ဗုဒ္ဓဘာသာ ကိုးကွယ်သူအရေအတွက်မှာ မရှိသလောက် နည်းပါးသွားပြီဖြစ်သည်။

ထေရဗုဒ္ဓဘာသာတွင် ဗုဒ္ဓတရားတော်များကို ၀ိနည်းပိဋကတ် ။ သုတ္တန်ပိဋကတ် ၊၊ အဘိဓမ္မာပိဋကတ် ဟူ၍ ပိဋကတ်သုံးပုံအဖြစ် ခွဲခြားထားပါသည်။

ဗုဒ္ဓဝင်

ဗုဒ္ဓ၀င် ဆိုသည်မှာ ဗုဒ္ဓ၏ ရာဇ၀င်ကို ခေါ်ခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓသည်လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က အရှေ့တိုင်း အိန္ဒိယတိုက်တွင် ဗုဒ္ဓ၀ါဒ ကိုစတင်တည်ထောင်ခဲ့သော မဟာလူသားတစ်ဦး အကြောင်း ဖြစ်ပေသည်။ အရှေ့တိုင်းတွင် ဒဿနနှင့် ဆက်သွယ်သော အခြားသော ၀ါဒ ထူထောင်သူများ ဖြစ်သည့် ကွန်ဖြူးရှပ်၊ လောင်ဇူ တို့ကဲ့သို့ ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့သော်လည်း ဗုဒ္ဓ၏၀ါဒမှာ ထိုသူများ၏၀ါဒနှင့် သဘောသဘာဝအားဖြင့် များစွာ ကွာခြားလေသည်။

ဗုဒ္ဓသည် ထိုခေတ်က မင်းမျိုးဖြစ်သော ခတ္တိယမျိုးနွယ်မှဆင်းသက်လာခဲ့သည်။ ထိုခေတ်ကရှေးဟောင်း အိန္ဒိယလူမူ့ ဖွဲ့စည်းပုံတွင် ပုဏ္ဏားမျိုး(ဗြဟ္မဏ)၊မင်းမျိုး သို့မဟုတ် စစ်သားမျိုး (ခတ္တိယ)၊ကုန်သည်မျိုး(၀ဿ) နှင့်ဆင်းရဲသားမျိုး (သုဒ္ဓ)ဟူ၍ အမျိုးလေးပါးခွဲကာ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ရှိခဲ့သည်။ ဗြာဟ္မဏတို့သည် ဝေဒကျမ်းလာဖန်ဆင်းရှင်ဖြစ်သော ဗြဟ္မာကို(ဂေါ့ဒ်) ယုံကြည်ကြပြီး ဂေါ့ဒ်၏ဦးခေါင်းမှဆင်းသက် လာသော မိမိတို့အမျိုးသည်သာအမြတ်ဆုံးဟုခံယူပြီး ဇာတ်ခွဲခြားမူ့ကိုလိုလားသည်။ ဗုဒ္ဓ၀ါဒမှာ ဂေါ့ဒ်ကိုပယ်၍ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ကို ဆန့်ကျင်ပါသည်။ ထို့ကြောင့်ဗုဒ္ဓကို လေ့လာမည်ဆိုပါက လူသားစင်စင်စစ် ဘုရားဖြစ်သည်ဟု ယုံကြည်ထားရန်မှာ အရေးကြီးဆုံးဖြစ်သည်။ အခြား ဗုဒ္ဓဘာသာဂိုဏ်းခွဲများတွင် ဗုဒ္ဓအား ကောင်းကင်ဘုံမှ ဘုရားအဖြစ်မှတ်ယူလေ့ရှိကြသည်။ ဗုဒ္ဓ ဆိုသောဝေါဟာရမှာ ဥာဏ်အလင်းရသူ (Enlightened)၊ သို့မဟုတ် စိတ်အာရုံ နိုးကြားနေသူ (Mentally awakened) ဟု အဓိပ္ပါယ်ရသည်။

အမှန်တရားလေးပါး (သစ္စာလေးပါး) ကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်း၍သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ် ဟု ချမ်းမြေ့ဆရာတော်က အဓိပ္ပါယ်ဖွင့်သည်။

ဗုဒ္ဓဝင်တွင် မင်းပျိုမင်းလွင်ဘဝ၊ တောထွက်တော်မူခြင်း၊ သစ္စာတရားကို ရှာခြင်း၊ သာသနာပြုခရီးရှည်၊ ပရိနိဗ္ဗာန် စံတော်မူခြင်း ဟူ၍ ငါးပိုင်းရှိသည်။

ဗုဒ္ဓ၀ါဒ

မကောင်းမှုရှောင်

ကောင်းမှုဆောင်

ဖြူအောင်စိတ်ကိုထား။


ထေရ၀ါဒစင်စစ်သည် သစ္စာလေးပါးကို အခြေပြုသောတရားသာလျှင်ဖြစ်ပေသည်။ ၃၈ဖြာသော မင်္ဂလာတရားတော်သည် လောကီရေးရာအဖြာဖြာအတွက် အကောင်းဆုံးသော ဘ၀နေနည်းလမ်းညွှန်ဖြစ်ပေသည်။ ရွတ်ဖတ်ပူဇော်ခြင်းထက် လိုက်နာကျင့်သုံးနိုင်ပါက အဖိုးဖြတ်ခြင်းငှာ ၊ တန်ဖိုးဖြတ်ရန်မထိုက်သော ဘ၀အတွက်ကျင့်စဉ်ကောင်းတစ်ခုဖြစ်ပေသည်။

ရတနသုတ်တော်အရ ဗုဒ္ဓအလိုတော်ကျကျင့်စဉ်သုံးဆင့်

ထိုသုံးဆင့်တို့တွင် ပထမကျင့်စဉ်အဆင့်မှာ လောကအတွက်ဖြစ်၏။ ယင်းကို လောကတ္ထစရိယ ဟုဆို၏။ ဒုတိယအဆင့်အနေဖြင့် မိမိ၏နိုင်ငံနှင့်အမျိုးသားများအတွက်ဖြစ်၏။ ယင်းကို ဥာတတ္ထစရိယဟုဆို၏။ တတိယအဆင့်အနေဖြင့် မိမိအတွက်နှင့်မိမိ၏မိသားစုအတွက်ဖြစ်၏။ ယင်းကို အတ္တတ္ထစရိယဟုဆို၏ ။ မိမိအတွက်နှင့်မိသားစုအတွက်ဆိုသော်လည်း မိမိအတွက်နှင့်မိသားစုအတွက်သီးခြားမဟုတ်။ လောကနှင့်လည်း စပ်၏ ။ မိမိ၏နိုင်ငံ ၊ မိမိ၏အမျိုးသားများနှင့်လည်း စပ်၏ ။ မိမိ အားကောင်းလျှင် အားကောင်းသည်နှင့်အမျှ လောကအတွက်လည်း ပို၍ဆောင်ရွက်နိုင်၏။ မိမိ၏နိုင်ငံနှင့်မိမိ၏အမျိုးသားများအတွက်လည်း ပို၍ ဆောင်ရွက်နိုင်၏ ။ ထိုအခါ လူသည် လူအနေဖြင့် မိမိ၏ကျင့်စဉ်သုံးဆင့်ကို ဆောင်ရွက်ရာတွင် ရတနသုတ်လာ ပန်းတိုင်သဘောအရ လောအကျိုးကို ပထမထားရာရောက်၏ ။ မိမိ၏ နိုင်ငံနှင့် မိမိ၏အမျိုးသားအကျိုးကို ဒုတိယထားရာရောက်၏ ။ မိမိ၏အကျိုးကို နောက်ဆုံးထားရာရောက်၏ ။ ဤသို့ ထားရာရောက်ခြင်းမှာ ခံစားမှုဆိုင်ရာအကျိုးအနေဖြင့် ထားရာရောက်ခြင်းဖြစ်၏ ။ မိဘဟူသည် လုပ်ငန်း(အကြောင်းတရား) နှင့်ပတ်သက်လာလျှင် မိမိကသာအနစ်နာခံပြီး အကျိုးခံစားမှုနှင့်ပတ်သက်လာလျှင် သားသမီးများကို ဦးစားပေးသည့် သဘောမျိုးဖြစ်၏ ။ တစ်နည်းဆိုရသော် အနာခံစရာရှိပါက မိမိကို ပထမထား၏ ။ အသာစံစရာရှိပါက သားသမီးများကို ပထမထား၏ ။ ဤသို့ ကျင့်ဆောင်ရန် ဗုဒ္ဓက သွန်သင်တော်မူခြင်းဖြစ်၏ ။ အသာစံခြင်း ၊ အနာခံခြင်း နှင့် ပတ်သက်၍ ဗုဒ္ဓ၏ ၀ါဒအတိုင်း လိုက်နာနိုင်မည်ဆိုပါလျှင် လောကသည် မည်မျှချမ်းသာ၍ မည်မျှ ငြိမ်းချမ်းမည်ကို မှန်းဆ၍ ကြည့်နိုင်ပေသည်။

ရတနာသုံးပါး ဗုဒ္ဓ (ဘုရား)  ဓမ္မ (တရား) သံဃ (သံဃာ)

သရဏဂုံသုံးပါး
ဗုဒ္ဓံသရဏံဂစ္ဆာမိ ဓမ္မံသရဏံဂစ္ဆာမိ သံဃံသရဏံဂစ္ဆာမိ

သစ္စာလေးပါး ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ


ဗုဒ္ဓသာသနာ


ယခုအချိန်အခါသည် သာသနာနှစ်၂၅၅၂ နှစ် ကောဇာသက္ကရာဇ် ၁၃၇၀ (2008-2009 )ဖြစ်သည်။ ဗုဒ္ဓသာသနာနှစ် ၅၀၀၀ သက်တမ်း တစ်ဝက်ကျိုးခြဲ့ပီ ဖြစ်သည်။ ဗုဒ္ဓ သာသနာ တွင် ထေရဝါဒ သာသနာ နှင် မဟာယာန သာသနာ ဟူ၍ နှစ်မျိုးရှိသည်။ ရှေးလွန်လေပြီးသော အချိန်ကမူ အခြားသော ဂိုဏ်းများလဲ အများအပြား ရှိခဲ့ကြပါသည်။ သို့သော် ထိုဂိုဏ်းနှစ်ဂိုဏ်းသည်သာလျှင် အိန္ဒိယနိုင်ငံ ပြင်ပရှိ အဆက်အနွယ်များထိအောင် လက်ဆင့်ကမ်း ပျံ့နှံ့ခြင်းဖြင့် ယနေ့ခေတ်ကာလထိအောင် ရှင်သန်လာ၏။

ဗုဒ္ဓကျမ်းစာများ

မြတ်ဗုဒ္ဓ၏ အဆုံးအမကျမ်းစာများကို မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံဟု မှတ်တမ်းတင် ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ပိဋကတ်သုံးပုံ အား စာအုပ်များ၊ ကျောက်စာများဖြင့် မှတ်တမ်းတင် ထိန်းသိမ်းစောင့်ရှောက်ထားသည်။

ပိဋကတ်သုံးပုံ


1. ၀ိနည်းပိဋကတ်
2. အဘိဓမ္မာပိဋကတ်
3. သုတ္တန္တပိဋကတ်

သတင်း

၂၀၀၉-ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို.အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဗုဒ္ဓဘာသာအဖွဲ့အစည်းကို `ကမ္ဘာ့အမွန်မြတ်ဆုံးနှင့် အကောင်းဆုံး´ ဘာသာတရားဆုချီးမြှင့်ခဲ့သည်။ အဆိုပါအထူးတစ်လည်ချီးမြှင့်သည့် ဆုကိုကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် ၂၀၀ ကျော်က ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာ ပါဝင်ရွေးချယ်သည့် ဘာသာရေးခေါင်းဆောင်အများစုက အဆိုပါအဖွဲ့အစည်းတွင်အဖွဲ့ခွဲဝင် အနည်းဆုံးဖြစ်သောဗုဒ္ဓဘာသာကို မိမိတို့ဘာသာထက် ကျော်လွန်ပြီးဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။

ပါဝင်ဆန္ဒမဲပေးခဲ.သူလေးဦးကပြောဆိုခဲ.ရာတွင်…


အဆိုပါအဖွဲ.ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က ” ဒီကမ္ဘာ.အမွန်မြတ်ဆုံး၊အကောင်းဆုံးဘာသာတရားဆုကိုဗုဒ္ဓဘာသာက ရရှိတာအံ.သြစရာမရှိပါဘူး…ဘာဖြစ်လို.လည်းဆိုတော.ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင်.ဖြစ်ပွားပေါ်ပေါက်ခဲ.တဲ.စစ်ပွဲဆိုတာမရှိခဲ.ပါဘူး… တစ်ခြားဘာသာများနဲ.မတူတာကအဲဒါပါပဲ…တစ်ခြားဘာသာတွေကအကယ်၍ဘုရားသခင်သာမှားယွင်းခဲ.ယင်ဆိုတဲ.အတွေးနဲ.လက်နက်တွေကိုအရံသင်.ထားကြပါတယ်…ဗုဒ္ဓဘာသာ ၀င်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ.) စစ်တိုက်တာကို တွေ.ရဖို.အတော်ခဲယဉ်းပါသည်။ တစ်ခြားဘာသာဝင်တွေရဲ့ အစဉ်အလာအလေ.အထနဲ့ဆန့်ကျင်စွာပဲဗုဒ္ဓဘာသာဟာကိုယ်ကိုယ်တိုင်ကျင်.ကြံတဲ.တရားကိုသာသူများကိုဟောကြားခဲ.တာပါပဲ ” လို.ဆိုခဲ.ပါတယ်…

Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O’Shaunghnessy ကတော.ကက်သလစ်သာ သနာကိုမြတ်နိုးကိုကွယ်ပေမယ်.လူသားတွေကိုမေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေ ကိုပဲသတ်ဖြတ်ကာဘုရားသခင်ရဲ.အလိုဆန္ဒနားလည်ပါတယ်လို.ပြောကြတာကစိတ်အနှောက်အ ယှက်အဖြစ်ရဆုံးပါပဲ…ဒါကြောင်.မွန်မြတ်တဲ.ဗုဒ္ဓဘာသာကိုမဲပေးခဲ.တာပါလို.အမိန်.ရှိခဲ.ပါတယ်….

ပါကစ္စတန်ကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်Tal Bin Wassad ကလည်းဒီအဆိုကိုသဘော တူထောက်ခံခဲ.ပါတယ်…အဆိုပါအဖွဲ.ကြီးရဲ.ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာမဲပေး ရေးအဖွဲ.၀င်တစ်ယောက်ဖြစ်တဲ.သူက ” ကျွန်တော်ဟာအစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာယုံ ကြည်သူတစ်ယောက်ပါ…သို.သော်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးကိုအ ကြောင်းပြပြီးအမျက်ဒေါသတွေထွက်ကြ၊သွေးမြေကျကြရတာတွေကိုတွေ.မြင်ခံစားရပါတယ်… ဗုဒ္ဓဘာသာဝင်တွေကတော.အဲဒါကိုသိမြင်နားလည်သဘောပေါက်ခဲ.ကြပါတယ်…ပြောရယင် ကျွန်တော်.ရဲ.အရင်းနှီးဆုံးမိတ်ဆွေတစ်ချို.ဟာဗုဒ္ဓဘာသာဝင်တွေပါ “ လို.ပြောခဲ.ပါတယ်…

အစ္စရေးနိုင်ငံဂျေရုဆလင်မြို.ကဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော. ” ကျွန် တော်လဲကျွန်တော်.ဘာသာဖြစ်တဲ.ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်…ကိုယ်.ဘာသာ မို.ကိုယ် ဒါဟာကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို.လည်းထင်ပါတယ်…ဒါပေမယ်. ရိုးရိုးသားသားဝန်ခံရယင်ကျွန်တော်ဟာနေ.စဉ်ဂျူးဘာသာအရ၀တ်မပြုခင်ဝိပဿနာတရား ကိုကျင်.ကြံအားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ…ဒါကြောင်.အခုလိုမဲပေးလိုက်ပါ တယ် ” လို.ပြောလိုက်ပါတယ်…

သို.သော်..စိတ်မကောင်းစရာအချက်တစ်ခုက အဆိုပါအဖွဲ.ကြီးအနေဖြင်.ထိုဆုကိုလက်ခံမည်. သူတစ်ယောက်ကိုမျှမတွေ.ခဲ.ရပေ….သူတို.ဆက်သွယ်ပြောဆိုသမျှဗုဒ္ဓဘာသာဝင်အားလုံးက ထိုဆုကိုလက်ခံဖို.ငြင်းပယ်ခဲ.ကြခြင်းဖြစ်သည်…

အဘယ်ကြောင်.ထိုဆုကိုလက်ခံရန်ငြင်းဆန်ရကြောင်းမေးမြန်ခဲ.ရာမြန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီးဂုရတ္တက ” ယခုလိုမိမိတို.ဘာသာကိုအသိအမှတ်ပြုချီးမြှင်.သည်.အတွက်ဝမ်း မြောက်ကျေးဇူးတင်ကြောင်း …သို.သော်ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာန ဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည်.လူသားအားလုံးကိုမိမိတို.မျှဝေပေးအပ်ပါကြောင်း …” မိန်.ကြားခဲ.ပါတယ်…

အဖွဲ.ကြီးအနေနဲ.ထိုဆုကိုလက်ခံရယူပေးမယ်.သူကိုဆက်လက်ဆက်သွယ်နေဦးမှာဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကားချက်
မြန်မာအွန်လိုင်းစွယ်စုံကျမ်း&

facebook
Sauce by Nyazin...

Internet Knowledge / သတိ။ ဟက်နည်းရှိတယ်

ဂျီမေး ကိုရယူမယ်ဆိုရင် နည်းသုံးနည်းရှိပါတယ်။

ဆော့ဝဲနဲ့ရယူနည်း
ကီးလော့ဂျာနဲ့ရယူနည်း
fage page နဲ့ရယူနည်းတို့ပါ


၁။ ဆော့ဝဲကတော့သိကြတဲ့အတိုင်းပါပဲ--ရတယ်လို့ပြောကြသလိုမရဘူးလို့လည်းပြောကြတယ်။ချီးမွန်းခန်းဖွင့်လောက်အောင်ကောင်းတယ်ဆိုတဲ့ဆော့ဝဲတွေကြတော့လည်း
ပိုက်ဆံပေးဝယ်ကြရတယ်။ပြီးတော့ဂူဂဲကလူတွေကလူပိန်းတွေတော့ဟုတ်မယ်မထင်ဘူးဗျ။သူတို့ကလည်းအမြဲတမ်းကာကွယ်ရေးတွေလုပ်ထားတာဗျ။ရှင်းရှင်းပြောရရင်
ဆော့ဝဲသုံးတာမသေချာဘူးပေါ့ဗျာ။အချို့ဆိုဝယ်ပြီးအချိန်ကုန်ငွေကုန်တာပဲအဖတ်တင်တာပေါ့။ရတဲ့ဟာလည်းရမယ်ထင်ပါတယ်။

၂။ အဲနောက်တစ်ခုက Keylogger နည်းလမ်းပေါ့ သူကတော့ကီးဘုတ်ကရိုက်သမျှကိုမှတ်ပေးတဲ့ဆော့ဝဲကိုစက်ထဲတည့်ထားတာပါ။#
ဆိုတော့စက်တိုင်းလိုက်ထည့်ဖို့မဖြစ်နိုင်ပါဘူး။ပြီးတော့ကိုဟပ်ချင်တဲ့လူကအဲဒီ့စက်ကိုထိုင်အုံးမှ။အင်း--အိမ်မှရှိတဲ့လူဆိုရင်တစ်မျိုးပေါ့။--ဒါလည်းမလွယ်ပါဘူး
သူ့စက်ကိုဆော့ဝဲထည့်ရအုံးမှာ။ပြီးတော့ Keylogger က testmanger ကိုခေါ်စစ်လိုက်ရင်ပေါ်ပြန်ရော။

၃။ အဲ---Fake Page ကတော့ သူက ဂူဂဲကလူတွေကိုလှည့်စားလို့မရတော့ ဂျီမေးသုံးတဲ့လူတွေကိုလှည့်စားတဲ့နည်းပါ။ လင့်လေးတစ်ခုကိုနည်းလမ်းလေးအတိုင်းတည်ဆောက်ရတယ်။ ပြီးရင် အဲဒီ့လင့်လေးကို တစ်ဖက်လူကိုဖွင့်ခိုင်းလိုက်တာနဲ့ ကိုယ်ဆောက်ထားတဲ့ဖိုင်ထဲမှာ သူ့ပတ်စ်ဝက်ရောuser name ရောပေါ်ရောဗျာ။တစ်ဖက်လူမှာကတော့ ဆိုက်တစ်ခုတက်တယ် အဲဒါကိုထပ်ဖွင့်ရင် connection error ဆိုတာကျလာရောအဲဒါကြောင့်
ကော်နက်ရှင်မကောင်းဘူးထင်ပြီး။ဟက်မှန်းမသိလိုက်တာပါပဲ။ပိရိတယ်ပေါ့ဗျာ
ကျွန်တော်အဲဒါသုံးတာ သုံးမိနစ်ပဲဗျ။ အဲဒီ့ဆိုက်မိုက်တယ် လို့ပြောတဲ့အချိန်လေးပါပဲ။သူရဲ့အားသာချက်က ဂျီမေး ကိုဘယ်ဆော့ဝဲနဲ့ပဲဟက်တာကိုကာကာ ဂျီမေးမဖွင့်ပဲ တိုက်၇ိုက်ဟပ်တဲ့နည်း သို့မဟုတ် အများသုံးတဲ့ဝက်ဆိုက်လင့်လေးဖြစ်တဲ့အတွက် ပွင့်ကိုပွင့်တယ်ဆိုတဲ့အချက်ပါပဲ။၉၅%သေချာတဲ့နည်းလေးပါ။

နည်းလမ်းကိုမပြောတော့ဘူးနော်။သဲလွန်စကတော့ Fake  Page ဆိုတဲ့စကားလုံးလေးပါပဲ။စိတ်မဆိုးကြေး။ကျွန်တော်ကတော့ အဲဒီ့နည်းသုံးတာ သူများဂျီမေးတော့ရပါတယ်။ ဒါပေမယ့် သူများအပူတွေကိုယ့်ပါကူးကုန်လို့ နောက်ပိုင်းအရမ်းသိချင်မှသုံးတော့တယ်။

ယုံယုံမယုံဖတ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။--အဲ--ဒါပေမယ့်ဂျီမေးကိုဟက်လို့ရတယ်ဆိုတာယုံရင်ကာကွယ်နည်းလေးကတော့--ချက်ပြီးရင်ဖျက်၊ဖတ်ပြီးရင်ဖျက်၊ပို့ပြီးရင်ဖျက် တာအကောင်းဆုံးပါပဲ ။ကာကွယ်တဲ့ဆော့ဝဲတွေလည်းသုံးမရဘူးဆိုတာကျွန်တော်ကသိပြီးတဲ့အတွက်ကျွန်တော့မေးထဲမှာတော့ဗလာပဲထားတော့တယ်။ ဒီနည်းထက်လုံတာကတော့ လုံးဝအင်တာနက်မသုံးတာပါပဲ---ဟီး။