" * ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး။ " နိုင်ငံရေးဆိုတာ ဘာလဲတဲ့"
မောင်ဖြူစင်ကသူ့ဖခင်အား အကူအညီတောင်းလိုက်သည်။ဖခင်က*…*
*" * အေး သားသား သဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊ ဖေဖေက
ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေ က ဒီပိုက်ဆံ တွေကို စနစ်တကျ စီမံခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရ လို့ခေါ်နိုင်တယ်။ ဖေဖေတို့က
သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်။
သားရဲ့ ညီလေး ကိုကျတော့ အနာဂတ်လို့ခေါ်ရမယ်။ ရှင်းရဲ့လားသား။
ဒါဟာနိုင်ငံရေးပဲ"
*
*
အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံ အချိန်တွင် မောင်ဖြူစင်လေးသည်ကလေးငိုသံကြား
သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို
တွေ့ရသည်။ အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့အမေအိမ်ခန်းသို့ တခါးဖွင့်ဝင်ကြည့်ရာမိခင်
တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။ဒါနဲ့ မောင်ဖြူစင်လေးဟာ
မိခင်ကို လှုပ်နှိုးသော်လည်း မနိုးသဖြင့်အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ
အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသောဖခင်ကိုတွေ့လို
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီးအိပ်ခန်းသို့ ပြန်သွားလေသည်။
နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှ
*" *ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ်"
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
သူငယ်ချင်းစာသင်သား တွေကို ပြောပြလိုက်တာက…
*" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ*
*
*
တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ"